ရှုံးနိမ့်သူတို့၏အလေ့အထများ

Published on by Mna Kelvin

ရှုံးနိမ့်သူတို့၏အလေ့အထများ

လူသားတိုင်းဟာ ဘ၀မှာအောင်မြင်ချင်ကြတဲ့သူတွေချည်းပါပဲ။ တယောက်နဲ့

တယောက်အောင်မြင်ခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းတော့မတူညီနိုင် ကြပါ

ဘူး။ ဒါပေမယ့် အောင်မြင်တဲ့သူတစ်ယောက် မဖြစ်ချင်ဘူးလားလို့ မေးရင်

မအောင်မြင်ချင်ပါဘူးလို့ဖြေမယ့်သူ ရာခိုင်နှုန်းတော်တော်နည်းပါလိမ့်မယ်။

တခါတလေတော့လဲ ရှားရှားပါးပါးတွေ့ရတတ်ပါတယ်။ တချို့တွေက

ကျွန်တော်၊ ကျွန်မတို့က မအောင်မြင်ချင်ပါဘူး။ ဘ၀ကို အေးအေး ချမ်းချမ်း

ဖြတ်သန်း သွားနိုင်ရင်တော်ပါပြီဆိုပြီး။ တကယ်တမ်း သူတို့မသိတာက အဲဒီ

လို အေးအေးချမ်းချမ်း ဖြတ် သန်းသွားနိုင်တယ် ဆိုတာ အောင်မြင်မှုတစ်ခုပဲ

ဖြစ်တယ်ဆိုတာ သူတို့မသိကြလို့ပြောတာပဲဖြစ်ပါတယ်။

အောင်မြင်ချင်ကြပြီဆိုတော့ ဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတာ

သိဖို့ လိုအပ်လာပါတယ်။ အောင်မြင်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖို့

လိုအပ်လာပါတယ်။ အောင်မြင်မှုကိုဆောင်ကြဉ်းပေးနိုင်တဲ့ နည်းလမ်း

တွေကို လိုက်လုပ်ကြတာအပြင် ဘာကြောင့်ကျွန်တော်တို့ရှုံးနိမ့်သွားနိုင်

သလဲ ဆိုတာကိုပါသိထားရင် အနည်းဆုံး တော့မအောင်မြင်ဘူးဆိုရင်တောင်

မှ မရှုံးနိမ့်နိုင်တော့ဘူးပေါ့။

အဲဒီနည်းလမ်းတွေက ဘာတွေများဖြစ်မလဲကြည့်ကြရအောင်။ အကြမ်း

ဖျဉ်းပြောရင်တော့ ကျွန်တော် တို့အောင်မြင်မှုမရရှိကြတာရဲ့အကြောင်းရင်း

( ၈ ) ချက်ရှိပါတယ်။အဲဒီအချက်တွေကတော့ အောက်မှာ ဖော်ပြထားတဲ့ အ

တိုင်းပဲဖြစ်ပါတယ်။

( ၁ ) Lack of Persistence မဆုတ်မနစ်လုပ်တတ်သောဇွဲမရှိခြင်း

ဘ၀မှာကြုံတွေ့ရတဲ့ပြသနာတွေကို ကိုယ့်ရဲ့လက်ရှိအရည်အချင်းနဲ့မ

စွမ်းဆောင်နိုင်တော့ဘူးလို့ စိတ်ထဲက ထင်မြင်ယူဆသွားမိပြီဆိုရင် လူတွေ

ဟာအလွယ်တကူနဲ့ လက်လျှော့ပြီးနောက်ဆုတ်သွားတတ် ကြပါတယ်။ အဲဒါ

မျိုးကို အိမ်ထောင်ရေး၊ လုပ်ငန်းခွင်တွင်းနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ

အများဆုံးတွေ့ရ တတ် ပါတယ်။တကယ်တော့ ” Changing the Face

Can’t Change Nothing, Facing the Change Can Change Everything ”

ဆိုတဲ့စကားလိုပါပဲ။ အခက်အခဲတခုကြုံတွေ့ရတဲ့အခါမှာ မျက်နှာအမူအရာ

ပြောင်းလဲလိုက်ရုံနဲ့ အဖြေတစ်ခုရလာမှာမဟုတ်ပဲ ကြုံလာရတဲ့အခက်အ

ခဲတွေ ကို ရင်ဆိုင်ဖြေရှင်းလိုက်တာကမှသာလျှင် အဖြေတစ်ခု ရရှိလာနိုင်မှာ

ဖြစ်ပါတယ်။ အောင်မြင်သူတဲ့သူဆိုတာဟာ ဘ၀မှာ နှိမ်ချခံရတာ၊အဖိနှိပ်ခံရ

တာတွေ ကြုံရင်ကြုံရပါ လိမ့်မယ် ၊ ဘယ်တော့မှအလဲထိုးခံရမယ့်သူတွေ

မဟုတ်ပါဘူး။ ဘ၀မှာ အနှောင့်အယှက်အတားအဆီး ဆိုတာ လူတိုင်း

ကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါရှုံးနိမ့်လိုက်တာဟာ

တသက်လုံးအတွက် ရှုံးနိမ့် သွားတာမဟုတ်ပါဘူး။ ဘ၀မှာအောင်မြင် မှု မရ

တဲ့ သူတော်တော်များများဟာ ဥာဏ်ပညာနည်းပါးလို့ ၊ ဒါမှမဟုတ် အရည်

အချင်း မရှိလို့မဟုတ်ပဲ ဘ၀ဆိုတဲ့ပြိုင်ပွဲကနေနှုတ်ထွက်သွားကြလို့သာ

မအောင်မြင်နိုင်ကြတာဖြစ်ပါတယ်။ အောင်မြင် ခြင်း ရဲ့လျှို့ဝှက်ချက်က

ဇွဲနပဲနဲ့ ခံနိုင်ရည်ရှိမှုတို့ပဲဖြစ်ပါတယ်။ ဇွဲနပဲကောင်းမှုဆိုတာ လုပ်ရမယ့်

အလုပ်ကို စိတ်ရှည်ရှည်နဲ့ အောင်မြင်တဲ့ အထိဆောင်ရွက်ခြင်းဖြစ်ပြီး

ခံနိုင်ရည်ရှိမှုဆိုတာ မလုပ်သင့်တာ ကို မလုပ်ပဲနေရဲ တာဖြစ်ပါတယ်။

( ၂ ) ယုံကြည်မှုကင်းမဲ့ခြင်း ( Lack of Conviction )

မိမိကိုယ်ကိုမိမိယုံကြည်မှုမရှိတဲ့သူတွေဟာ ကားလမ်းအလယ်ခေါင်မှာ

အကာ အကွယ်မဲ့မတ်တပ်ရပ်နေ တဲ့သူနဲ့တူပါတယ်။ အဲဒီလူဘာဖြစ်သွားမ

လဲဆိုတာ စဉ်းစားကြည့်လို့ရနိုင်ပါတယ်။ ဖြတ်မောင်းသွားတဲ့ ကားတစ်စင်း

စင်းက သူ့ကို ၀င်တိုက်သွားမှာပေါ့။ မိမိကိုယ်ကိုမိမိယုံကြည်မှုမရှိတဲ့သူတွေ

ဟာ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်တည်နိုင်စွမ်းမရှိကြပါဘူး။ သူတို့ရဲ့လုပ်

ရပ်တွေ မှားယွင်းနေခဲ့ရင်တောင်မှ တခြားသူတွေသူတို့ကို လက်ခံလာ

အောင် သူတို့ကိုယ်ကိုသူတို့သနားစရာအင်မတန်ကောင်းတဲ့ သတ္တ၀ါလေး

တွေ လို့မြင်လာအောင် ပုံဖမ်းတတ်ကြ ပါတယ်။

( ၃ ) ဆင်ခြေများခြင်း (Rationalizing)

အောင်မြင်တဲ့သူတွေဟာ ပြသနာအခက်အခဲတရပ်နဲ့ရင်ဆိုင်ရတဲ့အခါမှာ

အောင်မြင်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သေချာဆန်းစစ်လေ့လာ

တတ်ကြပြီး ဆင်ခြေမပေးတတ်ကြပါဘူး။ ဆင်ခြေပေးတယ်ဆိုတာ အရှုံး

သမားတွေရဲ့အလုပ်ပါ။ မအောင်မြင်တဲ့သူတွေဟာသူတို့ဘာကြောင့် မ

အောင်မြင်ရသလဲဆိုတာနဲ့ ပတ်သက် ပြီး အကြောင်းပြစရာဆင်ခြေတွေ

အများကြီးရှိကြပါတယ်။ ကျွန်တော်တို့ အရှုံးသမားတွေရဲ့ နှုတ်ဖျားကနေ

အမြဲ တမ်းကြားရမှာကတော့ ဆင်ခြေတွေပဲဖြစ်ပါတယ်။

( ၄ ) အမှားများမှတဆင့်သင်ခန်းစာမယူတတ်ခြင်း ( Not Learning From

Past Mistakes )

ကြားဖူးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြပါ့မယ်။ တခါတုန်းက အရမ်း

အောင်မြင်တဲ့ အရမ်းချမ်းသာတဲ့ သူဌေးကြီးတစ်ဦးကို အင်တာဗျူးတစ်ခု

လုပ်ပါတယ်တဲ့။ အဲဒီသူဌေးကြီးကို အောင်မြင်လာရတဲ့ လျှို့ဝှက်ချက်ကိုမေး

တဲ့အခါမှာသူဌေးကြီးက စကားသုံးခွန်းနဲ့ဖြေတယ်လို့ဆိုပါတယ်။ ပထမ

တခွန်းက သုအခုလို အောင်မြင် လာရတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် (

Right Decision ) တွေချနိုင်ခဲ့လို့ဖြစ်ပါတယ်တဲ့။ အင်တာဗျူးတဲ့သူက

အဲဒီမှန်ကန်တဲ့ဆုံးဖြတ်ချက် ( Right Decision ) တွေချနိုင်အောင်ကော

ဘယ်လိုများ လုပ်ယူခဲ့ရပါသလဲဆိုတော့ သူဌေးကြီးက ( Experience )

လို့ဖြေပါတယ်။ အဲဒီ ( Experience ) ကိုကောဘယ်လို ရရှိခဲ့ပါသလဲ

ဆိုတော့ သူ ဌေးကြီး က ( Wrong Decision ) လို့ ဆက်ပြီးဖြေပါတယ်တဲ့။

မှန်ပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းကလဲ သမိုင်းသင်တာမ

အအောင်လို့ဆိုပြီးတော့ပြောခဲ့ပါတယ်။

မအောင်မြင်တဲ့သူတော်တော်များများဟာ အတိတ်က ကိုယ့်ရဲ့ အမှားတွေ

ကိုသင်ခန်းစာမယူတတ်ကြပါဘူး။ တကယ်တမ်းတော့ ကျွန်တော်တို့ဟာ

သာမန်လူသား တွေပဲဖြစ်တဲ့အတွက် အမှားမကင်းကြပါဘူး။ ဘ၀တစ်

လျှောက်လုံးမှာ မှားစရာတွေ အများကြီး ရှိတဲ့အထဲမှာ ဘာ လို့များ အမှား

တစ်ခုထဲကို ထပ်ခါထပ်ခါကျူးလွန်နေကြမှာလဲ။ အဲဒီလိုအမှား တစ်ခုထဲ ကို

ထပ်ခါ ထပ်ခါ ကျူးလွန် နေမယ်ဆိုရင် အောင်မြင်မှုနဲ့အဝေးကြီးရှောင်ပြေး

နေ သလိုပဲဖြစ်နေမှာပါ။ တကယ်တမ်း တော့အတွေ့အကြုံဆိုတာ

ကျွန်တော် တို့ ကျူးလွန်ခဲ့တဲ့အမှားတွေကို နားထောင်လို့ကောင်းအောင်

နာမည်ပေး ထားတာပါ။ တချို့သော သူတွေကဘ၀မှာရှင်သန်နေထိုင်ကြ

ရင်းနဲ့ သင် ယူကြပြီး တချို့ကတော့ ရှင်သန်နေထိုင်ရုံ သက်သက်ပဲ

နားလည်ကြ ပါ တယ်။ ပညာရှိတွေဟာ အမှားတွေကနေ သင်ယူတတ်ကြပြီး

ပိုပြီးတော့ ပညာ ရှိတဲ့ သူ တွေကတော့ အခြားသူတွေရဲ့ အမှားကနေပါ

သင်ယူကြပါ တယ်။ ကျွန်တော်တို့ရဲ့ ဘ၀ဟာတိုတောင်း လွန်းတဲ့ အတွက်

သင်ယူစရာ အားလုံးကို ကိုယ်တိုင်ကြုံတွေ့ရမှ သင်ယူဖို့အတွက်အချိန်

မလုံလောက်ပါ ဘူး။ တချို့လူတွေက တခုထည်းကိုပဲ ထပ်ခါမှားရင်းမှားရင်း

နဲ့အဲဒီလို အမှား မျိုး ကျူးလွန်တဲ့နေရာမှာကျွမ်းကျင်အဆင့် ( ၁ )

Expert တွေဖြစ်လာကြ ပါတယ်။

( ၅ ) စည်းကမ်းမရှိခြင်း ( Lack of Discipline )

စဉ်းစားခဲ့ဖူးပါသလား။ တချို့လူတွေက ဘာ့ကြောင့်တချိန်လုံးရှုံးနိမ့်နေပြီး

တချို့လူတွေက ဘာ့ကြောင့်အောင်မြင်မှုတွေ ဆက်တိုက်ရနေတာလဲ

လို့ဆိုပြီးတော့ပေါ့။ အောင်မြင်တဲ့သူတွေဟာ ဘ၀ကို ဖြတ်သန်းတဲ့အခါမှာ

စည်းကမ်းနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်တတ်ကြပါတယ်။

Consistency မရှိတာဟာ စည်းကမ်းမရှိတာပဲဖြစ်ပါတယ်။ ရေတံခွန်က

ကျလာ တဲ့ရေကို စနစ်တကျမထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့

ရေအားလျှပ်စစ်ထုတ်နိုင်မှာမဟုတ်သလိုပဲ မြစ်ကမ်းနှစ်ဘက်သာမရှိခဲ့ဘူး

ဆိုရင် မြစ်ထဲကရေတွေဟာ စီးချင်သလို စီးမှာဖြစ်ပါတယ်။

( ၆ ) မိမိကိုယ်ကိုမလေးစားနိုင်ခြင်း ( Poor Self-esteem )

Poor Self-esteem ဆိုတာ ကိုယ့်ကိုယ်ကိုတောင်မှပြန်ပြီးမလေးစားနိုင်တာ၊

တန်ဖိုးမထားနိုင်တာဖြစ်ပါ တယ်။ အဲဒီအခါမှာ လုပ်ချင်တာတွေလျှောက်

လုပ်တတ်ပါတယ်။စိတ်ကျေနပ်မှုတစ်ခုတည်းအတွက်ပဲဦးတည်ပြီး အောင်မြင်

မှုကိုဘေးချိတ်ထားတဲ့ ဆုံးဖြတ်ချက်တွေချဖြစ်စေပါတယ်။ရံဖန်ရံခါမှာ

ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီး ပြန်ရှာဖွေနေရတာမျိုးတွေဖြစ်တတ်ပါတယ်။

ပျင်းရိငြီးငွေ့တာတွေ၊ ထိုင်းမှိုင်းလေးလံတာတွေဟာ Poor Self-esteem

ရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။ ပျင်းရိငြီးငွေ့တာနဲ့ ထိုင်းမှိုင်းလေးလံတာ

ဟာ သံကိုဖျက်ဆီးတဲ့ သံချေး လိုပဲကျွန်တော်တို့ကိုဖျက်ဆီးတတ်ပါတယ်။

( ၇ ) ခံယူချက်အမှားများ ( Fatalistic Attitude )

ခံယူချက်အမှားများ ( Fatalistic Attitude ) ရှိတဲ့သူတွေဟာ ဘ၀ခရီး

လျှောက် လှမ်းရာမှာ ကိုယ်ယူရမယ့် တာဝန်ကို တာဝန်မယူတတ်ကြသလိုပဲ

တာဝန်ယူရဲတဲ့သတ္တိလဲမရှိကြပါဘူး။ သူတို့ဟာ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်

ခြင်းကို ကံတရားအပေါ်ကိုပဲပုံချထားတတ်ကြပါတယ်။ သူတို့ဟာ ဗေဒင်

ဟော ကိုန်းတွေအပေါ်မှာပဲ ဘ၀ကို ပုံအပ် ထားပြီး ဘ၀မှာအောင်မြင်မှုရရှိ

အောင်အတွက် ကိုယ်တိုင်ကြိုးစားအားထုတ်မှရမယ်ဆိုတဲ့ခံယူချက် မရှိကြ

ပါဘူး။ သူတို့ဟာ အောင်မြင်မှုတွေကိုဖန်တီးရယူဖို့ထက် ဘာတွေဖြစ် လာ

မလဲဆိုတာထိုင်စောင့်နေတတ်ကြပါတယ်။

( ၈ ) ရဲစွမ်းသတ္တိမရှိခြင်း ( Lack of Courage )

အောင်မြင်တဲ့သူတွေဟာ လွယ်ကူတဲ့အလုပ်တွေကိုပဲရွေးပြီးမလုပ်ကြသလိုပဲ

ပုံပြင်ဆန်ဆန်သူ့ဘာသူပြီး သွားမှာပါလို့လဲ မစဉ်းစားကြပါဘူး။ သူတို့

ဟာအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက် ခွန်အားတွေ ၊ ရဲစွမ်း သတ္တိ

တွေကို ရရှိလာအောင် ကြိုးစားမွေးမြူကြပါတယ်။ သူတို့ဟာ အကောင်းမြင်

တတ်ကြပြီး ခွက်ထဲမှာရေတစ် ၀က်တောင်ကျန်သေးတယ်လို့ စဉ်းစားကြတဲ့

သူတွေဖြစ်ပါတယ်။ဆုတောင်းနေရုံနဲ့ ဘာမှရလာမှာမဟုတ်ပဲ ကြိုးစား အား

ထုတ်မှုနဲ့သာအောင်မြင်မှုရရှိနိုင်မယ်ဆိုတာ ယုံကြည်ထားကြပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ရှုံးနိမ့်သူတို့ရဲ့အလေ့အထ ( ၈ ) ချက်ကို

သတိထားပြီးရှောင်ကြဉ်နိုင်ခဲ့မယ်ဆို ရင်တော့ အောင်မြင်ခြင်းပန်းတိုင်ဟာ

ကျွန်တော်တို့ရဲ့လက်တကမ်းမှာပဲရှိပါတယ်။

credit - မင်းခေါင် ( EMPA – 8 )

Published on Knowladge

To be informed of the latest articles, subscribe:
Comment on this post